နယူးယောက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ယခင်နယူးယောက်မြို့ တော် ရဲဗိုလ်ကြီး(ဟောင်း) နှင့် ဘရွတ်ကလင်းမြို့ ဒေသန္တရဥက္ကဌ အဲရစ်အဒမ်စ် (Eric Adams) က ၎င်းသည် နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်၌ စတင်အသက်ဝင်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လေယာဉ်ဒီဇိုင်းထုတ်ပညာရှင် Gu Songfen နှင့် နျူကလီးယားကျွမ်းကျင်ပညာရှင် Wang Dazhong တို့ကို သိပ္ပံ နှင့် နည်းပညာတီထွင်ဖန်တီးမှုတွင် ၎င်းတို့၏ အံ့မခန်းထူးကဲစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံ ထိပ်တန်းသိပ္ပံထူးချွန်ဆုအား နိုဝင်ဘာ ၃ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း...
တီဟီရန်၊ နိုဝင်ဘာ ၄ ရက် နိုဝင်ဘာ ၃ ရက် တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဖော်ပြချက်အရ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေနံကို ခိုးယူရန် အမေရိကန်ရေတပ်၏ကြိုးပမ်းမှုအား အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့သည် နိုင်ငံ၏ ပထမဆုံး ခုံးအကွေးပုံစံ သံမဏိပေါင်းကူးတံတား တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၆၀ တန်ဖိုးရှိသော ချေးငွေအား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။