ရှန်ဟိုင်း ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရှန်ဟိုင်းဒစ္စနေးလန်း(Disneyland)နှင့် ဒစ္စနေးတောင်း(Disneytown)အား COVID-19 ရောဂါထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားမှုတစ်ခု ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၃ ရက်တွင် လုပ်ငန်းလည်ပတ်မှုများ ပြည်လည်စတင်သွားမည် ဖြစ်ကြောင်း ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဘန်ဂဝန်ဆိုလိုမြစ်တွင် လူဒါဇင်ပေါင်းများစွာ တင်ဆောင်လာသည့် ကနူးလှေတစ်စင်းသည် နိုဝင်ဘာ ၃ ရက်၌ တိမ်းမှောက်သွားပြီးနောက် လူ ၁၈ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု၊ ဆောင်းဦး၊ဆောင်းရာသီရောက်ရှိခြင်းနှင့်အတူ ကပ်ရောဂါကူးစပ်ပြန့်ပွားသည့်အန္တရာယ်ဆိုးဝါးလာသည်။
တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က နိုဝင်ဘာ ၂ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက် သို့မဟုတ် JCPOA သို့ပြန်သွားရန် အမေရိကန်၏ အဆင်သင့်ဖြစ်မှုကို မေးခွန်းထုတ်လိုက်ပြီး နျူကလီးယား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်၏ ခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်ဆောင်ချက်အား ဝေဖန်ခဲ့သည်။
ဂျီနီဗာ၊နိုဝင်ဘာ၃ရက် (ဆင်ဟွာ) လက်ရှိနိုင်ငံအများစုတွင် ကူးစပ်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်များတွင် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်ပိုးသည် အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုဝင်ဘာ၂ရက်တွင်ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။