ဂျနီဗာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ဝင်ငွေနည်းနိုင်ငံများ အထူးသဖြင့် အာဖရိကသို့ ကာကွယ်ဆေး ဖြန့်ဝေပေးခြင်းအား ဦးစားပေးဆောင်ရွက်ရင်း ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ကမ္ဘာ့နိုင်ငံတိုင်း၏ လူဦးရေ ၄၀ ရာခိုင်နှုန်း နှင့် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ၇၀ ရာခိုင်နှုန်း...
ပေကျင်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) နေတိုးဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် ၈ ဦးသည် “ထောက်လှမ်းရေးများ”ဖြစ်နေခြင်းကြောင့် ၎င်းတို့ ၈ ဦး၏ အမြဲတမ်းနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်ကို ၂၀ ဦးမှ ၁၀ ဦးထိ လျှော့ချလိုက်ကြောင်း မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(NATO)အရာရှိတစ်ဦးက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း ဘယ်လူချီစတန် ပြည်နယ်တွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အောက်တိုဘာ ၈ ရက်အထိ ရရှိထားသော စာရင်းများအရ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီး...
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) အောက်တွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းများ ထူထောင်ထားရှိကြောင်း နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ အောက်တိုဘာ ၈ ရက်၌ ထုတ်ပြန်သည့် စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။
အန်ကာရာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အယ်လ်ဂျားဇီးယားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စီးသည် အောက်တိုဘာ ၇ ရက်တွင် ဗုံးသတိပေးချက်တစ်ခု ရရှိပြီးနောက် တူရကီနိုင်ငံ Trabzon ပြည်နယ်လေဆိပ်၌ အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။