နယူးဒေလီ၊ အောက်တိုဘာ ၂၈ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကျောင်းများအားလုံးသည် နိုဝင်ဘာ ၁ ရက်မှစ၍ စုစုပေါင်း ကျောင်းသားအင်အား ၅၀ ရာခိုင်နှုန်းဖြင့် အတန်းများအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း နယူးဒေလီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး Manish Sisodia က အောက်တိုဘာ ၂၇ ရက်တွင်ပြောသည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မော်တော်ယာဉ် လုံခြုံမှုအခြေအနေစစ်ဆေးခြင်းအစီအစဉ် (C-NCAP) ၏ ယာဉ်နှစ်စင်း အရှိန်ပြင်းပြင်းတိုက်မိခြင်းတွင် ထိခိုက်နိုင်ခြေစစ်ဆေးချက်လုပ်ဆောင်ရန် အတွက် မြန်နှုန်းမြင့်ယာဉ် နှစ်စီးဖြင့် ပထမဆုံးအကြိမ် စမ်းသပ်မှုကို အောက်တိုဘာ ၂၆ ရက်က မော်တော်ယာဉ်နည်းပညာနှင့် သုတေသနစင်တာတွင် စမ်းသပ်ခဲ့ကြောင်းသိရသည်။ စာရေးကိရိယာတင် ကုန်တင်ယာဉ်ကြီးတစ်စီး၏...
တီဟီရန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ဒုတိယအကြိမ်မြောက် အာဖဂန် အိမ်နီးချင်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက်က အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ကျင်းပခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အရှေ့အာရှ၏ ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု အဆင့်မြှင့်တင်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး၊ စွမ်းအင်၊ အစားအသောက်နှင့် ငွေကြေးမျက်နှာစာများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပြီး စိန်ခေါ်မှုများကို ပူးတွဲတုန့်ပြန်ရန်အတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က အောက်တိုဘာ ၂၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ဝူဟန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၁၇ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် မြို့တော် ဝူဟန်တွင် အောက်တိုဘာ ၂၇ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။