လန်ကျိုး၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ Anxi အမျိုးသား သဘာဝဘေးမဲ့တောတွင် နှင်းကျားသစ်များနှင့် မြေခွေးများကို တွေ့ရှိကြောင်း ဒေသခံ သဘာဝဘေးမဲ့တောမှ ဝန်ထမ်းများက ပြောကြားခဲ့သည်။
ဒိုဟာ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ကာတာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အောက်တိုဘာ ၂၆ ရက်က ဒိုဟာမြို့တွင် အာဖဂန်ယာယီအစိုးရအဖွဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqiနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသည် ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအား ပြန်လည်လက်ခံမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။
ဘန်ဒါဆရီဘီဂါဝန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်တို့သည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက်၏ ကနဦး အကောင်အထည်ဖော်မှု အပါအဝင် COVID-19 ကပ်ရောဂါဘေးမှ ဒေသပြန်လည်နလံထူနိုင်ရေးအတွက် ကူညီပေးရန် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားရေးအတွက် အောက်တိုဘာ ၂၆ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဂျကာတာ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဘာလီအပန်းဖြေကျွန်း မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်မှု ဖြစ်ပွားကာ လူ ၉ ဦးမှာ ပျောက်ဆုံးနေပြီး အခြားသူ ၆ ဦးအား ကယ်ဆယ်ထားကြောင်း အင်ဒိုနီးရှား အမျိုးသားအဆင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ...