ချိန်တူး၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) “ချိန်ယွီ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း တည်ဆောက်မှု စီမံကိန်း အကျဉ်းချုပ်”ကို အောက်တိုဘာ ၂၀ ရက်တွင် တရားဝင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းမှာ ပေကျင်း-ထျန်းကျင်း-ဟဲပေ၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ နောက်ပိုင်း တရုတ်နိုင်ငံ၏ အဓိက ဒေသဖွံဖြိုးရေး မဟာဗျူဟာနောက်တစ်ရပ်ဖြစ်သည်။ “ချိန်”၊”ယွီ”သည်...
ဆိုးလ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ပထမဆုံးပြည်တွင်းဖြစ် အာကာသလွှတ်တင်ရေးယာဉ်အား အောက်တိုဘာ ၂၁ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းဒုံးပျံက စမ်းသပ်ဂြိုဟ်တုတစ်လုံးအား အနိမ့်ပိုင်း ကမ္ဘာပတ်လမ်းကြောင်း (ကီလိုမီတာ ၆၀၀-၈၀၀) အတွင်းသို့ လွှတ်တင်ရာတွင် မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၄၆ ခုမှ ကာကွယ်ဆေးထိုးနှံထားပြီးသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလမှ စတင်ကာ ကွာရန်တင်း(q) ဝင်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက ကြာသပတေးနေ့နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
ကျိနန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ၏ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၊ Dongying မြို့၌ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပိုမိုနီးကပ်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။