ဂျီနီဗာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ပထမဆုံး ငှက်ဖျားရောဂါကာကွယ်ဆေး RTS,S/AS01 (RTS,S) ကို အာဖရိက ဆာဟာရဒေသခွဲရှိ ကလေးငယ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ခံထားကြောင်း အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့သည်။
ဂျကာတာ ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသည် bioavtur J2.4 ဇီဝလေကြောင်းပျံသန်းမှု တာဘိုင်လောင်စာကို အသုံးပြုပြီး တာလတ်သုံး အင်ဂျင်နှစ်လုံးပါသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဖြင့် စမ်းသပ်ပျံသန်းမှုတစ်ခုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယတ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆော်ဒီ နိုင်ငံတကာ သိမ်းငှက်များနှင့် အမဲလိုက်ခြင်းပြပွဲအား ရီယတ်မြို့တွင် အောက်တိုဘာ ၁ ရက်မှ စတင်ကာ အောက်တိုဘာ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံ၌လက်ဝယ်သိမ်းဆည်းထားသည့် နျူကလီးယားလက်နက်အရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) Shenzhou-13အာကာသယာဉ်အား ယခုကာလအတွင်း လွှတ်တင်မည်ဖြစ်ရာ ယာဉ်နှင့်ဒုံးပျံအတွဲလိုက်အား လွှတ်တင်ရေးနေရာသို့ အောက်တိုဘာ ၇ ရက်တွင် ရွှေ့ပြောင်းထားကြောင်း သိရသည်။