ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်ဆေးဝါးကုမ္ပဏီ Sinopharmမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အသက် ၃ နှစ် မှ ၁၁ နှစ်ကြားကလေးများအတွက် အရေးပေါ်အသုံးပြုရန် အဂျင်တီးနား နိုင်ငံက မကြားသေးမီတွင် အတည်ပြုခဲ့သည်။
ဂျေရုဆလမ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) အစ္စရေးကာကွယ်ရေး အီလက်ထရောနစ်ကုမ္ပဏီ Elbit Systems က Apache ရဟတ်ယာဉ်များအတွက် မြင်ကွင်းစနစ်များနှင့်အတူ အမေရိကန်စစ်တပ်အား ထောက်ပံ့သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၆ ရက်တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။
ဇူးရစ်ချ်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့သည် အောက်တိုဘာ ၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ကိုလံဘို ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောကြီး “Ever Ace” သည် အောက်တိုဘာ ၅ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ကြောင်း သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့(SLPA) က ဆိုသည်။
အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အနည်းဆုံးသေဆုံးသူ ၂၀ ဦး နှင့် အခြား ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးရှိကြောင်း ဒေသမီဒီယာ နှင့် တာဝန်ရှိသူများက က ယနေ့ အောက်တိုဘာ...