ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တာလီဘန် အစိုးရအသစ် ခေတ္တနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အာဖဂန်ပြည်သူများအတွက် အကူအညီပံ့ပိုးမှု ဆက်လက်ပေးအပ်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား စက်တင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
မော်စကို ၊စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ ဆီးရီးယားနိုင်ငံအနေဖြင့် အဓိကကြုံတွေ့နေရသော ပြဿနာမှာ ယင်းနိုင်ငံအစိတ်အပိုင်းအချို့တွင် နိုင်ငံခြားတပ်များ ခွင့်ပြုချက်မဲ့ ဝင်ရောက် တပ်စွဲထားခြင်းကြောင့်ပင်ဖြစ်ကြောင်း ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဆီးရီးယားနိုင်ငံသမ္မတအာဆက်အား ကရင်မလင်နန်းတော်၌ စက်တင်ဘာ ၁၄ ရက်တွင် လက်ခံတွေ့ဆုံစဉ် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ပြောကြားလိုက်သည်။
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ဆက်ဆံရေးတည်ဆောက်ခဲ့သည်မှာ ၁၉၉၁ ခုနှစ်ကတည်းကဖြစ်သည်။ တရုတ်နှင့် အာဆီယံနိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈.၃၆ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၆၈၅.၂၈ အထိထိုးဖောက်နိုင်ခဲ့ရာ အဆပေါင်း ၈၀...
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသို့ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နှစ် ၂၀ ကြာ စစ်ပွဲသည် အမေရိကန်တို့၏ အရှည်လျားဆုံးစစ်ပွဲဖြစ်ပြီး ကမ္ဘာမြေအထက် ကီလိုမီတာ ၅၀၀ အကွာ အာကာသမှပင် အဖြစ်ဆိုးကြီးကို မြင်တွေ့နိုင်သည်။ ၎င်းသည်အာဖဂန်ပြည်သူများအတွက် နှစ်ပေါင်း ၂၀ ကြာ အလိမ်အညာများ၊သတ်ဖြတ်မှုများ၊အနိုင်ကျင့်မှုများ၊ သေဆုံးမှုများ၊ ပျက်စီးယိုယွင်းမှုများနှင့်...