ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi ၏ နေအိမ်အား ပစ်မှတ်ထားသည့် ဒရုန်းတစ်စင်းဖြင့် လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခုအတွင်း ဝန်ကြီးချုပ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်တွင် ဖော်ပြထားသည်။
ဟူစတန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့၌ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် Astroworld ဂီတဖျော်ဖြေပွဲတွင် လူအုပ်ပိမိမှုကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံးပြီး အခြား အမြောက်အမြားထိခိုက်ဒဏ်ရာရသွားကြောင်း ဟူစတန်မြို့တော်ဝန် Sylvester Turner က...
ထရီပိုလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံမှ နိုင်ဂျာနိုင်ငံသို့ ခိုလှုံခွင့်တောင်းခံသူ ၁၇၂ ဦးအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ရွှေ့ပြောင်းပေးခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။
ကုလသမ္မဂ၊နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က နိုဝင်ဘာ ၅ ရက် ကမ္ဘာ့ဆူနာမီအသိပညာပေးနေ့တွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား ဆူနာမီ အန္တရာယ်ကို သတိပြုမိရန်နှင့် အန္တရာယ်များ လျှော့ချမှုဆိုင်ရာ ဆန်းသစ်သော နည်းလမ်းများ မျှဝေခဲ့သည်။
ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(CNPC) သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အထွတ်အထိပ်သို့ ၂၀၂၅ ခုနှစ်ဝန်းကျင်တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ် ဇီဝရုပ်ကြွင်းလောင်စာထက်ပိုသော အစိမ်းရောင်၊ ကာဗွန်ကင်းစင်သောစွမ်းအင်ကို ပြင်ပသို့ ထောက်ပံ့ရန်၊ ၂၀၅၀ ခုနှစ်ဝန်းကျင်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှု “သုညနီးပါး” ရောက်ရှိရေး...