ဝူးလူမုချီ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ minfeng စီရင်စုတွင် တာ့လီမခန်းသဲကန္တာရဖြတ်ကျော် ရထားလမ်း၏ နောက်ဆုံးအပိုင်းဖြစ်သည့် Hotan-Rouqiang ရထားလမ်း၏ သံလမ်းချထားခြင်းလုပ်ငန်းသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြီးစီးခဲ့ပြီဟုသိရသည်။ Hotan-Ruoqiang ရထားလမ်းဖောက်လုပ်ခြင်းအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်စတင်ခဲ့သည်။ အမျိုးသားအဆင့်အဓိက စီမံကိန်းတစ်ခုဖြစ်သည့် အဆိုပါ...
ဖနွမ်းပင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ၃ သန်း ပါဝင်သောအသုတ်သစ်တစ်သုတ်သည် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ စက်တင်ဘာ ၂၈ ရက်၌ ရောက်ရှိလာခဲ့ကြောင်း အဆင့်မြင့်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်သည် BRICS New Development Bank (NDB) ၏ ပထမဆုံးအဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာခဲ့ကြောင်း ၎င်းဘဏ် ဥက္ကဋ္ဌ Marcos Troyjo က စက်တင်ဘာ ၂၈ ရက်တွင်ပြောခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) အာဖဂန်အစိုးရတာဝန်ရှိသူများက အာဖဂန်ပိုက်နက် ဝေဟင်အပေါ် မောင်းသူမဲ့ဒရုန်းဖြင့် ကင်းလှည့်ခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell နှင့်အတူ ၁၁ ကြိမ်မြောက် အဆင့်မြင့်ကိုယ်စားလှယ်အဆင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲအား စက်တင်ဘာ ၂၈ ရက်၌...