ပေကျင်း၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် (၇၆)ကြိမ်မြောက် ကမ္ဘာကုလသမဂ္ဂညီလာခံသို့ စက်တင်ဘာ ၂၁ ရက်က ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး “ခိုင်မာသည့် ယုံကြည်ချက်ဖြင့် လက်ရှိအခက်အခဲအကျပ်အတည်းများကို ယှဉ်တွဲကျော်ဖြတ်ကာ ပို၍သာယာလှပသည့်ကမ္ဘာကြီးအား အတူတည်ဆောက်ကြမည်”ဟူသည့် ခေါင်းစဉ်ဖြင့် အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ခါတွမ်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီသည် မအောင်မြင်သော အာဏာသိမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ် Abdul-Baqi Hassan Osman အား ဖမ်းဆီးလိုက်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင်ကြေညာခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေးများ နှင့် နိုင်ငံတကာအကူအညီများ ပိုမိုထောက်ပံ့သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အား ဆိုက်ဘာတိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရုရှားသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများအား ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း သို့မဟုတ် ဗိုလ်ကျစိုးမိုးခြင်းကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်း မရှိသလို မည်သည့်အခါမျှလည်း လုပ်ဆောင်သွားလိမ့်မည်မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။