ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ဂျာစီမြို့၌ ဒီဇင်ဘာ ၁၀ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦး ၊ အရပ်သား ၃ ဦး နှင့် သံသယတရားခံ ၂ ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုကို ဘိလိယက် အားကစားနည်းမှ ရရှိခဲ့ကြောင်း အားကစားနှင့်ကာယ ပညာ ဦးစီးဌာန ၏ ထုတ်ပြန်မှု အရ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် အအေးပိုနေခြင်းသည် အအေးလှိုင်း ဖြတ်ခြင်းကြောင့် မဟုတ်ပဲ လေအေးများဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှုး ဦးလှထွန်း ကဆင်ဟွာ ကိုပြောသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပွဲ၊ အမျိုးသားယူ ၂၂ ဘောလုံး ပြိုင်ပွဲတတိယ နေရာလုပွဲကို မြန်မာအမျိုးသား ယူ၂၂ အသင်း နှင့် ကမ္ဘောဒီးယားအမျိုးသား ယူ၂၂ အသင်းတို့ဒီဇင်ဘာ ၁၀ရက် ကယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဟောင်ကောင်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ကောလိပ်ကျောင်းတစ်ခု၏ဝင်းအတွင်း အ ပြည့်အဝ အသက်ဝင်လည်ပတ်နေပြီးပေါက်ကွဲခဲ့ပါက ထိခိုက်သေဆုံးဒဏ်ရာရမှု အများအပြားဖြစ်ပွား နိုင်သည့် လက်လုပ်အဝေးထိန်းဗုံးနှစ်လုံးအား ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၉ ရက်၊ညပိုင်း၌ အောင်မြင်စွာစနက်တံဖြုတ်၍ သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။