ဂျီနီဗာ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးလူနာအရေအတွက်သည် ၅ သန်းကျော်လွန်သွားခဲ့ပြီး နိုဝင်ဘာ ၂ ရက်အထိ ၅,၀၀၄,၈၅၅ ဦးထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မာကူလူပြည်နယ်အနီး ပင်လယ်ပြင်တွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev သည် အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် မော်စကိုမြို့၌ နိုဝင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ စစ်ဆေးရုံတစ်ခုသည် နိုဝင်ဘာ ၂ ရက်က အကြမ်းဖက်တိုက်ခိုက်ခံရပြီး အနည်းဆုံး လူပေါင်း ၁၅ ဦးသေဆုံးကာ အခြား အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်တွင်း ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံအခြေစိုက် ကစားစရာအရုပ်လုပ်ငန်းစုကြီး ဖြစ်သည့် LEGO Group သည် တရုတ်နိုင်ငံတွင်ကျင်းပမည့် ၄ ကြိမ်မြောက် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပါဝင် တက်ရောက်ရန်ရှိကြောင်းသိရသည်။ LEGO ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်မကုန်ခင် တရုတ်နိုင်ငံ၌ ဆိုင်ခွဲ ၃၀၀...