မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် ဆယ်စုနှစ် ခုနှစ်ကျော်ကြာ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှာ “ ရိုးရှင်းသောရှုံးနိုမ့်မှုတစ်ခုမဟုတ်ဘဲ ဘေးဒုက္ခကြီးတစ်ခုသာဖြစ်” ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
မတ်ပူတို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) COVID-19 ရောဂါ မူလဇစ်မြစ်ခြေရာခံခြင်း နှင့် သုတေသနလုပ်ငန်းအတွက် ၂၀၁၉ ခုနှစ်တွင် ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုဖြစ်ပွားချိန်က ကမ္ဘာတစ်လွှားရှိ ဓာတ်ခွဲခန်းများ၌ စုဆောင်းထားသော နမူနာများအပေါ် အခြေခံ၍ လေ့လာမှုပြုလုပ်သင့်ကြောင်း မိုဇမ်ဘစ်နိုင်ငံကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။
ယူနန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆစ်ဆောင်းပန္နား (တိုင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာမကျန်းဖြစ်ကာ ဆင်အုပ်မှ စွန့်ခွါထားခဲ့သော ၆ ရက်သား အရွယ် ဆင်ပေါက်လေးတစ်ကောင်ကို ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ကွာလာလမ်ပူ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဩစတြေးလျ ၊ မလေးရှား ၊ စင်္ကာပူ ၊ တောင်အာဖရိကနိုင်ငံတို့ရှိ ဗဟိုဘဏ်များသည် နိုင်ငံတကာငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးများ(CBDCs) အသုံးပြုခြင်းကို စမ်းသပ်ရန် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဗဟိုဘဏ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် မြို့နယ်တချို့တွင် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေပြီး မိုးနှောင်းကာလဖြစ်သည့် စက်တင်ဘာလတွင် မြစ်ရေကြီးခြင်းအန္တရာယ်အား ဆက်လက်သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၂ ရက်တွင်ပြောသည်။