ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဖူကျန့်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် Qixia ကျေးရွာတွင် ရေစီးကြောင်းကြောင့် ငါးရိုးပုံသဏ္ဍာန်သဲသောင်ခုံ ဖြစ်ပေါ်လာသည်ကို ရိုက်ကူးပြသထားသည့် ဗီဒီယိုဖြစ်ပါသည်။ အရှေ့ဘက်ကမ်းရိုးတန်းမှ စီးဆင်းလာသော ရေစီးကြောင်းနှင့် အနောက်ဘက်မှ ရေစီးကြောင်းတို့ ပေါင်းဆုံရာမှ ရေဝဲများဖြစ်ပေါ်စေပြီး ထိုမှတစ်ဖန် ကျောက်မှုန်၊ သဲမှုန်များကို စုစည်းစေကာ...
ထိုက်ယွမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်ပုံရိပ်ဖတ်ဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှင်းကျန်း ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ၌ နွေရာသီအလယ် ဇူလိုင်လတွင် ဆောင်းရာသီအလား အံအားသင့်ဖွယ် ဆီးနှင်းမုန်တိုင်း တိုက်ခတ်မှုအား ရိုက်ကူးထားသော ရုပ်သံဖိုင် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဒေသများစွာသည် ပူနွေးစိုစွတ်သော ရာသီဥတုအား ရင်ဆိုင်ကျော်လွှားရန် ရုန်းကန်နေကြစဉ်တွင် Bayanbulak မြက်ခင်းလွင်ပြင်ဒေသ၌ မကြာသေးမီက...
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် စစ်ပြန်များအား ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ပါဝင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဆုတံဆိပ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။