ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်အာကာသယာဉ်မှူးများဖြစ်သော နွဲ့ဟိုင်စိန့် (Nie Haisheng) ၊ လျိုပေါ်မင် (Liu Boming) နှင့် ထန်းဟုန်ပေါ (Tang Hongbo) တို့အား တင်ဆောင်ထားသော Shenzhou-12 အာကာသယာဉ်သည် စက်တင်ဘာ ၁၆ ရက် (ပေကျင်းစံတော်ချိန်) နံနက်...
ဆန်းရှီး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၁၃ ရက်က တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် ယွိလင် မြို့သို့သွားရောက်လည်ပတ်ခဲ့သည်။ ရှီသည် မီကျိ စီရင်စုရှိ ယန်ကျားကော် တော်လှန်ရေးအထိမ်းအမှတ် ပြခန်းသို့သွားရောက်ခဲ့ပြီး ယင်းပြခန်းနေရာ မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းထားမှုများနှင့် တော်လှန်ရေးဆိုင်ရာ အမွေအနှစ်များကိုကြည့်ရှုစစ်ဆေးခဲ့သည်။
မော်စကို၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ကြရန် တိုက်တွန်းကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင် စက်တင်ဘာ ၁၅ ရက်အထိ လူပေါင်း ၁ ဘီလီယံကျော်သည် COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးသွားပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။
တိုကျို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အားကောင်းသော အပူပိုင်းမုန်တိုင်း ချန်သူ (Chanthu) သည် ဂျပန်နိုင်ငံသို့ ချဉ်းကပ်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး မြောက်ပိုင်းမှ အနောက်ပိုင်းသို့ စက်တင်ဘာ ၁၈ အထိ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသဖြင့် နိုင်ငံ အနောက်ပိုင်းတွင် မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများအတွက် ပြည်သူများ...