ပေကျင်း၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဘုရင်သစ်အဖြစ် ထီးနန်းဆက်ဆံသော နာရူဟီတို (Naruhito) ထံ မေလ ၁ ရက်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ကာရာကာ့စ်၊ မေ ၁ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုးပက်ဇ် (Vladimir Padrino Lopez) က ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များအနေနှင့် ဧပြီလ ၃၀ ရက်အစောပိုင်းကအာဏာသိမ်းရန်ကြိုးစားမှုတစ် ရပ်ကိုအောင်မြင်စွာတားဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရီယိုဒီ ဂျနေးရိုး ၊ မေ ၁ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ၌ အလုပ်လက်မဲ့ မြင့်တက်မှုနှုန်းသည် ၂၀၁၉ ခုနှစ် ပထမ သုံးလပတ်တွင် ၁၂.၇ ရာခိုင်နှုန်း ရှိကြောင်း ဘရာဇီး အမျိုးသား ပထဝီ နှင့် စာရင်းအင်း ဆိုင်ရာ အဖွဲ့အစည်း(IBGE)ထံမှ ဧပြီ ၃၀...
အစ္စလာမ်မာဘတ်၊ မေ ၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဘာလိုချစ္စတန်ပြည်နယ် ဂျီဝန်နီမြို့အနီး စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် အမေရိကန်ဒေါ်လာ၂၄ သန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းမိခဲ့ကြောင်း ပါကစ္စတန် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ကွာလာလမ်ပူ၊ မေ ၁ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဧပြီ ၃၀ ရက်က မှောင်ခိုဆင်စွယ်နှင့်ဆင်စွယ်ဖြင့်ပြုလုပ်သည့်ပစ္စည်း ၃.၉၂တန်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။