Connect with us

Media

ရတနာပစ္စည်းပေါင်း၂သိန်းဖြင့်စီခြယ်သော ကောင်းကင်ဘုံကျောင်းတော် ပုံစံငယ်လေး

ကွမ်ကျိုး၊သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ရတနာပစ္စည်းပေါင်း ၂သိန်းဖြင့်စီခြယ်ထားသော ကောင်းကင်ဘုံကျောင်းတော် ပုံစံငယ်လေး တစ်ခုအား ထုတ်ဖော်ပြသခဲ့သည်။
၁ အချိုး ၅၀ အချိုးအစားဖြင့် ဖန်တီးထားသည့် အဆိုပါ ပုံစံငယ်သည် အမြင့် ၁.၃၈ မီတာ ရှိပြီး အလေးချိန်၂.၅ တန်ရှိကာ အလိုအလျောက်အဖွင့်အပိတ်လုပ်နိုင်သည့် အီလက်ထရောနစ်တံခါးနှစ်ချပ် ထည့်သွင်းတပ်ဆင်ထားသည်။
ပုံစံငယ်တွင် အဖိုးတန်တွင်းထွက်သတ္တုပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေနှင့် ပလက်တီနမ်အပါအဝင် စိန်နှင့် အနီရောင်နီလာများအစရှိသော် အဖိုးတန်ကျောက်မျက်ရတနာများအား ထည့်သွင်းမြှုပ်နှံထားသည်။
တလက်လက်တောက်ပနေသော အဆိုပါ ပုံစံငယ်မှာတရုတ်ရိုးရာလက်မှုပညာများဖြစ်သည့် ရတနာပုံဖော်ခြင်း၊ ပုံထွင်းခြင်း နှင့် ကျောက်စိမ်းပန်းပုထုခြင်းများအပြင် ခေတ်မီ ရတနာထုတ်လုပ်ရေးနည်းပညာမျာအား အများဆုံးအသုံးပြုထားကြောင်းသိရသည်။
ထိုပုံစံငယ်တစ်ခုကိုရရှိရန် လက်မှုအနုပညာရှင် ဒါဇင်ပေါင်းများစွာက အချိန် ၄ နှစ်ကြာဖန်တီးခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင်အပြီးသတ်နိုင်ခဲ့ကြောင်းသိရသည်။
ပေကျင်းမြို့တွင်တည်ရှိသည့် ကောင်းကင်ဘုံကျောင်းတော်အား ၁၄၂၀ ပြည့်နှစ်တွင်တည်ဆောက်ထားပြီး မင်မင်းဆက်နှင့်ချင်မင်းဆက် ဧကရာဇ်များက ကောက်ပဲသီးနှံများကောင်းစွာထွက်ရှိစေရန် ကောင်းကင်ဘုံအား ဆုတောင်းမှုပြုလုပ်ခဲ့သည့်ကျောင်းတော်ဖြစ်သည်။
တရုတ်နိုင်ငံ၏ နောက်ဆုံး မင်းဆက်များ ပြီးဆုံးသွားသည့်နောက် ၁၉၁၈ ခုနှစ်တွင် ကျောင်းတော်အား အများပြည်သူလာရောက်လည်ပတ်လေ့လာရန်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
ထိုကျောင်းတော်သည် အကျယ်အဝန်း ဟက်တာပေါင်း ၂၇၀ ရှိပြီး ကမ္ဘာပေါ်ရှိ ဗိသုကာလက်ရာမြောက်အနုပညာများစွာ ဖြင့် တည်ရှိနေသည့် အကြီးဆုံးကျောင်းတော်များထဲတွင်တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………………………………
(English Version)
Dazzling artwork inlaid with 200,000 gems: Temple of Heaven in miniature

GUANGZHOU, Aug. 28 (Xinhua) — Studded with around 200,000 gems, a scale model of the Temple of Heaven is on display in Guangzhou, south China’s Guangdong Province.

The 1:50 model, which is 1.38 meters high and weighs 2.5 tonnes, has electric doors that can automatically open and close.
It is inlaid with precious metals, including gold, silver and platinum, as well as gemstones, including diamonds and red sapphires.
The dazzling model blends the traditional Chinese handicrafts of filigree mosaic, chiseling, and jade carving, most often used in modern jewelry manufacturing.

It took dozens of craftsmen four years to create the artwork, which was completed in 2007.

Built in 1420, the Temple of Heaven in Beijing was where Ming and Qing Dynasty emperors worshipped heaven for good harvests.
It was turned into a public park in 1918 after the fall of China’s final dynasty.
It covers an area of 270 hectares and is one of the largest existing architectural complexes in the world.