ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တာလီလန်တို့သည်ငွေသား အမေရိကန်ဒေါ်လာ ၁၂.၃ သန်းကျော်နှင့် ရွှေချောင်းအချို့ ကို နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော Da Afghanistan Bank (DAB) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်သော ဘဏ်၏ ထုတ်ပြန်ချက်တစ်ခုတွင်ဖော်ပြထားသည်။
နယူးယောက်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန် ပုဂ္ဂလိက အာကာသကုမ္ပဏီဖြစ်သော အာကာသစူးစမ်းလေ့လာမှု နည်းပညာကော်ပိုရေးရှင်း (SpaceX) က ၎င်း၏ ပထမဆုံး အရပ်သားပါဝင်သော အာကာသခရီးသွားမစ်ရှင်ကို ဖလော်ရီဒါပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက် ညပိုင်းက စတင်လိုက်ကြောင်း SpaceX webcast က ပြောကြားခဲ့သည်။
ပြုံးယမ်း ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)က ကီလိုမီတာ ၈၀၀ ဝေးသော ပစ်မှတ်နေရာကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ရထားပေါ်မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ရာ နိုင်ငံခြားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အိမ်ရာဝန်ကြီးစသည့်နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။
ဂျေရုဆလင်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အစ္စရေးနှင့်ဥရောပသမဂ္ဂ (အီးယူ) တို့သည် COVID-19 ကာကွယ်ဆေး လက်မှတ်များ နှစ်ဖက် အပြန်အလှန်အသိအမှတ်ပြုရန် စက်တင်ဘာ ၁၅ ရက် ကသဘောတူခဲ့ကြကြောင်း အစ္စရေးနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Nitzan Horowitz ပြောသည်။