ပေကျင်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ မကြာသေးမီက အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် nucleic acid စစ်ဆေးရန် မြင့်မားသောလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် Daxing ခရိုင်ရှိ အားကစားခန်းမတစ်ခုထဲတွင် လေအိတ်အခန်းငယ်များဖြင့် COVID-19 ဓာတ်ခွဲခန်း တစ်ခု ဖန်တီးတည်ဆောက်ခဲ့ကြောင်း နှင့်...
မက္ကကိုစီးတီး ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ မြို့အများအပြား နှင့် နိုင်ငံအလယ်ပိုင်းရှိ ဒေသအများအပြားတွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက ပြင်းအား ၇.၅ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာနှင့်ဘွမ်နန်ကျေးရွာ ကြားရှိ ရတနာအဓိပတိကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဧရိယာအတွင်း ယနေ့ ဇွန် ၂၃ ရက် ညနေ ၄ နာရီခန့်က ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နင်းရှဟွေ ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ညအချိန် ရိုက်ကူးထားသည့် ရင်သပ်ရှုမောဖွယ် ကြယ်တာရာ မိုးကောင်းကင် အလှအပမြင်ကွင်းဖြစ်သည်။(Xinhua)