နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံအကြား၊ မြန်မာ့ တပ်မတော်နှင့် ရုရှား တပ်မတော်အကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် စစ်သမိုင်းပြတိုက်၌ ယနေ့ နေ့လယ်...
နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) နေပြည်တော် ဒက္ခီဏသီရိမြို့နယ်တွင် ကမ္ဘာ့ အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်ကြီးအား တပ်မတော်နှင့် အလှူရှင်များ တည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းပွဲ၌ မီဒီယာသို့ ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မြဲသောရပ်တည်ချက်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးတွင် တိုးတက်မှုအသစ်ဖော်ဆောင်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြည်သူများ၏ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenတို့နှင့် ဇွန် ၂၂ ရက် ညပိုင်းက ပေကျင်းမြို့မှ တဆင့် အွန်လိုင်း ဗွီဒီယိုစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။