Connect with us

Media

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အကြီးဆုံး လေဆိပ်ကြီး ကို စတင် အသုံးပြုလျက်ရှိ

လာဆာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အချိန် ၃ နှစ်ကျော်ကြာ တည်ဆောက်ပြီးနောက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံးလေဆိပ်ကြီးအား စနေနေ့က စတင်အသုံးပြုလျက်ရှိကြောင်းသိရသည်။

ဝေဟင်ထက်မှကြည့်ရှုပါက ကြာပန်းကြီးတစ်ပွင့်သဏ္ဍာန်တည်ဆောက်ထားသည့် Lhasa Gonggar လေဆိပ်သည် ၂၀၂၅ ခုနှစ်အရောက်တွင် ခရီးသည်ပေါင်း ၉ သန်းနှင့် ကုန်ပစ္စည်းတန်ချိန်ပေါင်း ၈၀,၀၀၀ အား သယ်ယူပို့ဆောင်နိုင်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း လေဆိပ်မှ ထုတ်ပြန်သည်။

Lhasa မြို့တော် အနီး Gonggar စီရင်စု Shannan မြို့တွင် တည်ထားသည့် Lhasa Gonggar လေဆိပ်သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အကြီးဆုံးလေဆိပ်ကြီးတစ်ခုဖြစ်သည်။

၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက တရုတ်နိုင်ငံသည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေခံအဆောက်အဦများအားတိုးချဲ့တည်ဆောက်ပေးခဲ့သည်။ လက်ရှိတွင် တိဘက်ဒေသ၌ လေကြောင်းလိုင်း ၁၃၀ နှင့် မြို့ပေါင်း ၆၁မြို့သို့ လေယာဉ်ဖြင့်သွားလာနိုင်ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် လေကြောင်းဖြင့်သွားလာခဲ့သည့် ခရီးစဉ်အရေအတွက်မှာ စုစုပေါင်း ၅.၁၈ သန်းအထိရှိလာခဲ့ကြောင်းသိရသည်။ (Xinhua)

………………….
(English Version)
GLOBALink | Largest airport terminal in Tibet operational

After more than three years of construction, the largest airport terminal in southwest China’s Tibet Autonomous Region began operation on Saturday.

Looking like a lotus flower from above, the new terminal of Lhasa Gonggar Airport will help the airport meet the target of handling 9 million passengers and 80,000 tonnes of cargo and mail by 2025, according to the airport.
Located in Gonggar County of Shannan City and close to the regional capital of Lhasa, Lhasa Gonggar Airport is the largest airport in Tibet.

Since late 2012, China has been expanding its infrastructure investment in Tibet. The region has launched a total of 130 air routes, with 61 cities connected by flights. The number of passenger trips made through these airports totaled 5.18 million in 2020.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.