ဆစ်ဒနီ၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းရှိ နိုက်ကလပ်အပြင်ဘက်တွင် ဧပြီလ ၁၄ ရက်၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဧပြီ ၁၄ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ဆေးရုံး၌ ကျောက်ကပ်တစ်လုံးခွဲစိတ်ကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ဆရာဝန်များက ဧပြီ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ဟူစတန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့၌ ဧပြီ ၁၃ ရက်က ၃၂ ကြိမ်မြောက် ဟူစတန်ကားအလှဆင်ချီတက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။ အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “၁၃၈၁ခုနှစ်ကို ကြိုဆိုကျမယ့် နှစ်သစ်အခါဖြစ်ပါတယ်၊...