ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် Zhurong သည် ဩဂုတ် ၆ ရက်အထိ ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်) မျက်နှာပြင်ပေါ်တွင် မီတာ ၈၀၀ ကျော် ခရီးနှင်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန၏ လကမ္ဘာ စူးစမ်းလေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာအရ သိရသည်။...
ကွမ်ကျိုး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ် ရှိ ကမ်းရိုးတန်းဒေသတွင် ယခုနှစ်၏ ၉ လုံးမြောက်တိုင်ဖွန်းမုန်တိုင်း Lupit တိုက်ခတ်မှုကြောင့်ပြီးခဲ့သည့်ကြာသပတေးနေ့ နံနက်က မြေပြိုမှုများဖြစ်ပွားခဲ့သည်။ မြေပြိုကျမှုမဖြစ်မီဒေသခံပေါင်း ၃၃,၀၀၀ ကျော်အား ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် ဘေးလွတ်ရာသို့နေရာရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းမှာ Nan’ao စီရင်စု...
ကွမ်ရှီး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အရှေ့တိုင်းမှ အနောက်တိုင်းသို့ ကုန်စည်သယ်ပို့သည့်ရထားခရီးစဉ်၏ ဘေးပုပင်လယ်ကွေ့ဆိပ်ကမ်း-ချိန်တူး- ပိုလန်- ဂျာမနီ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qinzhou ဆိပ်ကမ်း အရှေ့ဘက်မှ ကုန်စည်များတင်ဆောင်ထားသော ရထားမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် စတင်ထွက်ခွါသွားသည်။
နန်ကျင်း၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့တွင် မကြာသေးမီက COVID-19 ထပ်မံဖြစ်ပွားမှု အသစ်တွေ့ရှိခဲ့သဖြင့် စစ်ဆေးမှုအပိုင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် CT scanner ပါ ရွေ့လျားမော်တော်ယာဉ်အသုံးပြု၍ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။ ရွေ့လျားမိုဘိုင်းစစ်ဆေးရေးယာဉ်မှာ မြို့အချင်းချင်းလွယ်ကူစွာကူးလူးမောင်းနှင်စစ်ဆေးနိုင်ရန် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ယာဉ်တွင် ဝန်ထမ်းများအတွက် ဝင်ပေါက်တစ်ခု နှင့် သံသယ...
ဝါရှင်တန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးသူများလည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သေးကြောင်း အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ညွှန်ကြားရေးမှူး ဒေါက်တာ Rochelle Walensky က ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။