Connect with us

Media

နန်ကျင်းမြို့တွင် COVID-19 အရှိန်မြှင့်စစ်ဆေးရန် CT scanner ပါ ရွေ့လျားမော်တော်ယာဉ်ဖြင့်စစ်ဆေး

နန်ကျင်း၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့တွင် မကြာသေးမီက COVID-19 ထပ်မံဖြစ်ပွားမှု အသစ်တွေ့ရှိခဲ့သဖြင့် စစ်ဆေးမှုအပိုင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် CT scanner ပါ ရွေ့လျားမော်တော်ယာဉ်အသုံးပြု၍ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။ ရွေ့လျားမိုဘိုင်းစစ်ဆေးရေးယာဉ်မှာ မြို့အချင်းချင်းလွယ်ကူစွာကူးလူးမောင်းနှင်စစ်ဆေးနိုင်ရန် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ ယာဉ်တွင် ဝန်ထမ်းများအတွက် ဝင်ပေါက်တစ်ခု နှင့် သံသယ လူနာများအတွက် ဝင်ပေါက်တစ်ခု သီးသန့်စီစဉ်ထားရှိသောကြောင့် နေရာ နှစ်နေရာခွဲထားသည့်သဘောဖြစ်ပြီး လေဝင်လေထွက်စနစ်ကိုပါ နှစ်ခု ခွဲထားပြီးသားဖြစ်အောင် ထုတ်လုပ်ထားသည်။ နန်ကျင်းမြို့၌ COVID-19 အသစ်ထပ်မံဖြစ်ပွားမှုများသည် ဇူလိုင် ၂၀ ရက်က Lukuo နိုင်ငံတကာလေဆိပ်ရှိ သန့်ရှင်းရေးဝန်ထမ်းများအား ပုံမှန် COVID-19 စစ်ဆေးမှုများပြုလုပ်စဉ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

……………………………………………
(English Version)
Mobile CT scanner dispatched in Nanjing to speed up COVID-19 detection

NANJING, Aug. 5 (Xinhua) — A mobile CT scanner has been dispatched in eastern China’s Nanjing to speed up COVID-19 testing times after a recent cluster of new cases.

The mobile scanner has been specially designed to be moved easier between cities.The vehicle has a special entrance for staff and an entrance for suspected patients. The two spaces are separated. It has a closed loop and is physically separated. The circulation systems are also separated.

A new cluster of infections began to emerge on July 20 in Nanjing after airport cleaners at Nanjing Lukou Int’l Airport tested positive during routine testing.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.