ကွာလာလမ်ပူ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ဩဂုတ် ၈ ရက်က တစ်ရက်တည်း ၃၆၀ ဦးဖြင့် အမြင့်ဆုံးစံချိန်တင် အရေအတွက် ရှိခဲ့ပြီး ယခုအခါ သေဆုံးသူ စုစုပေါင်း ၁၀,၇၄၉ ဦး ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...
ပေကျင်း ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) Microsoft မိုက်ခရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်က အငြင်းပွားဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ်မူလဇစ်မြစ်ရှာဖွေဖော်ထုတ်မှုသည် လူသားများ၏ အသက်ကိုကယ်တင်ရန် တစ်ခုတည်း အရေးပါသော လုပ်ဆောင်ချက်အဖြစ် တိုက်ရိုက်ဆက်နွယ်မှုမရှိကြောင်း ပြောကြားခဲ့သည်ဟု The Australian သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကူမင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ လှည့်လည်သွားလာနေကြသော အာရှတောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ မူလနေရာသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
တိုကျို၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) ဩဂုတ် ၅ ရက် ၁၈ နာရီ ၃၀ မိနစ် အထိ ဂျပန်နိုင်ငံတွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၁၅,၂၆၃)ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းမှာ အမြင့်ဆုံး စံချိန်တင်အရေအတွက်ဖြစ်ကြောင်း NHK ရုပ်သံ၏စာရင်းများအရ သိရသည်။ ယင်းနေ့အထိ ဂျပန်တွင် စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ...