နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။
ကဘူးလ်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) အာဖဂန်နိုင်ငံ လက်ရှိကာကွယ်ရေးဝန်ကြီးBismillah Khan Mohammadi ၏ ကဘူးလ်မြို့နေအိမ်အနီးတွင် ဩဂုတ် ၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် (၄)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဘေရွတ် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ဆန္ဒပြချီတက်သူများ နှင့် ရဲတပ်ဖွဲအကြားဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လူပေါင်း ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်းက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု Elnashra အင်တာနက် ဝက်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။
နန်ကျင်း၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဇူလိုင်လအတွင်း အစုလိုက်အပြုလိုက်ကူးစက်မှုကြောင့် အတည်ပြုလူနာသစ် ၃၂၈ ဦး တွေ့ရှိပြီးနောက် COVID-19 ရောဂါတိုက်ဖျက်ရေးကို အားသွန်ကြိုးပမ်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။