ဂျီနီဗာ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေခြင်းနှင့် ကာကွယ်ဆေးပံ့ပိုးနိုင်မှု မမျှတခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါသည် ပြင်းထန်သည့် အခြေအနေနှင့်ထပ်မံရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇူလိုင် ၁၂ ရက် ဂျီနီဗာတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က နိုင်ငံခြားကုန်သွယ်ရေးတွင် ဈေးကွက်ယှဉ်ပြိုင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ ရှေ့ပြေးဇုန်များ တက်ကြွစွာ ချဲ့ထွင်သွားရန် ဇူလိုင် ၁၂ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။
တူးနစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးကို ဈေးကွက်တင်သွင်းရန် တရားဝင်အခွင့်ပြုပေးခဲ့ကြောင်း တူနီးရှား ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။
ဘဂ္ဂဒက် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ တောင်ပိုင်း Dhi Qar ပြည်နယ်၌ COVID-19 လူနာများအား ကုသပေးနေသော ဆေးရုံတစ်ရုံ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Iraqi News Agency...
ဝါရှင်တန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) သမ္မတဂျိုဗီနယ်လ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် နိုင်ငံအတွင်း ယိုးယွင်နေသော အခြေအနေအား ထိန်းသိမ်းရာ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဟေတီနိုင်ငံ၏ တောင်းဆိုမှုအပေါ် စဉ်းစားသုံးသပ်နေဆဲဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။