ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၉ ရက်က တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Jingbian ကောင်တီရှိ မောင်းသူမဲ့လေယာဉ်များ (ဒရုန်း)အတွက် ပထမဆုံး ပညာရပ်ဆိုင်ရာစမ်းသပ်မှု အခြေစိုက်စခန်းသည်လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဖြစ်ကာ နိုင်ငံ၏ UAV လုပ်ငန်းကွင်းဆက်၌ လစ်ဟာမှုကို ဖြည့်တင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ ကွန်ပြူတာများ၂၀၂၁ ခုနှစ် ဧပြီလတွင် ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း Bloomberg သတင်းဌာန၏ ရေးသားဖော်ပြချက်ကို စက်တင်ဘာ ၉ ရက်တွင် ကုလသမဂ္ဂက အတည်ပြုခဲ့သည်။
ဒမတ်စကပ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ တောင်ပိုင်း Daraa ပြည်နယ်တွင် ယခင်က သူပုန်များတပ်စွဲထားရာနေရာများ၌ စစ်တပ်ဝင်ရောက်လာပြီးနောက် စက်တင်ဘာ ၉ ရက်တွင် ထောင်နှင့်ချီသောပြည်သူများသည် ၎င်းတို့၏ နေအိမ်များသို့ အသီးသီး စတင်ပြန်လာနေပြီဖြစ်ကြောင်း SANA နိုင်ငံသတင်းအေဂျင်စီက ဖော်ပြထားသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ တယ်လီဖုန်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နှစ်ဖက်အလေးထားဂရုပြုကြသည့် သက်ဆိုင်ရာအရေးကိစ္စများကို ပွင့်လင်း၊နက်ရှိုင်းစွာဖြင့် မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။