ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁၃ ရက်၌ ကျရောက်မည့် ယခုနှစ်၏ ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များနေ့တွင် ကျင်းပရန် အစီအစဉ်ပေါင်း ၄,၆၀၀ ကျော်ကို စီစဉ်ထားကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် အသင်းယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများအား ၂၀၂၀ပြည့်နှစ် အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အာရှ ဘောလုံးအဖွဲ့ချုပ်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၆ ရက်တွင် ပြောသည်။
ဆန်ရှီး၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဟူခိုရေတံခွန်သည် တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်နှင့် ဆန်ရှီးပြည်နယ်အကြား နယ်စပ်တွင် တည်ရှိသည်။ ကျဉ်းမြောင်းမတ်စောက်လှသော ချောက်တွင် စီးဆင်းနေပြီး မြန်ဆန်လှသော ရေစီးအရှိန်ကြောင့် ကျော်ကြားသည့် ရေတံခွန်တစ်ခုဖြစ်သည်။ (Xinhua)
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တစ်ကိုယ်ရေသုံး အကာအကွယ်ဝတ်စုံများနှင့် ကျန်းမာရေး နှာခေါင်းစည်းများအပါအဝင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများကို နိုင်ငံပေါင်း ၂၀ ၏ တပ်မတော်များထံ ပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၀ပြည့်နှစ် ပထမငါးလဖြစ်သော ဇန်နဝါရီလမှ မေလကုန်အထိ မိုးကြိုးဘေး ၃၄ ကြိမ် ဖြစ်ပွားပြီး ၃၆ ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန...