Connect with us

Media

ဖိလစ်ပိုင်နိုင်ငံ စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ မြင့်တက်လာ

မနီလာ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ အရေအတွက်မှာ ၅၀ ကျော်ထိရောက်ရှိလာခဲ့ ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့သည်။

စစ်လေယာဉ်ပျက်ကျမှုတွင် စစ်သား ၄၇ ဦးသေဆုံးပြီး အခြား ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ လေယာဉ်ပျက်ကျရာနေရာရှိ အရပ်သား ၃ ဦးသေဆုံးပြီး အခြား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ယင်းစစ်လေယာဉ်သည် ဆင်းသက်စဉ် ပြေလမ်းချော်ကာ မီးလောင်ကျွမ်းသွားခဲ့ကြောင်း နှင့် လေယာဉ်ပေါ်တွင် လေ့ကျင့်ရေး တပ်သားသစ်များ တင်ဆောင်လာခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်လေတပ်ပြောခွင့်ရ ဗိုလ်ချုပ်မှူးကြီး Egard Arevalo က “ဘလက်ဘောက်စ် အပါအဝင် လေယာဉ်အစိတ်အပိုင်းများအား အခင်းဖြစ်ပွားရာနေရာ၌ဆက်လက်ရှာဖွေနေကြောင်းနှင့်အခင်းဖြစ်ပွားရာ Sulu သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့အားစေလွှတ်ထားကြောင်း”ဆိုသည်။
ဖိလစ်ပိုင်လေတပ်၏ အချက်အလက်စာရွက်စာတမ်းများအရ ပျက်ကျခဲ့သည့်လေယာဉ်မှာ တစ်ပါတ်ရစ် ဟာကျူလီ C130 လေယာဉ်အမျိုးအစားဖြစ်ပြီး မကြာသေးမီက အမေရိကန်စစ်တပ်မှဝယ်ယူထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ လေယာဉ်များ၏ အမြီးပိုင်း၌ NR5125 ဟူသည့်နံပါတ်စဉ်များ ရေးထိုးထားပြီး ၁၉၈၈ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ အမေရိကန် လေတပ်၌ အသုံးပြုခဲ့ကြောင်း သိရသည်။ ထိုလေယာဉ်များအား ဖိလစ်ပိုင်လေတပ်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

……………………………
GLOBALink | Death toll from Philippine military plane crash rises to 50, all 96 accounted for
The death toll in July 4 military plane crash in the southern Philippines has risen to 50, the defense department said on Monday.

All 96 passengers and crew in the C-130H aircraft that crashed upon landing before noon Sunday on Jolo island in Sulu province have been accounted for.

As the deadliest crash in the past 30 years of the Philippine Air Force (PAF), the latest tragedy raises public concerns over the reliability of military equipment.
Produced by Xinhua Global Service■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.