ကွမ်ကျိုး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေဆိပ်တွင် ပြီးခဲ့သည့်အင်္ဂါနေ့က တရုတ်နိုင်ငံ၌ အသစ်ထုတ်လုပ်ထားသော ဝန်အားမြင့်မောင်းသူမဲ့ဒရုန်းအကြီးတစ်မျိုးကို စမ်းသပ်ပျံသန်းခဲ့ကြောင်းသိရသည်။ ဘက်စုံသုံး Y5 ဟုအမည်ပေးထားသည့် မောင်းသူမဲ့ ဒရုန်းကြီးအား တရုတ်နိုင်ငံတောင်ပိုင်း ကျူးဟိုင်မြို့ တွင်အခြေစိုက်ထားသော China Aviation Industry...
ဟဲနန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာဏာပိုင်များက ဒုတိယ အမြင့်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီး ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဆိုင်ရာ အဆင့် ၂ အဖြစ်တိုးမြှင့် ထုတ်ပြန်ထားသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိတွင် လူပေါင်း...
ဆန်တီရာဂို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Gamaleya သုတေသနအင်စတီကျူ့မှ ထုတ်လုပ်သော COVID-19 တိုက်ဖျက်ရေး Sputnik V ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ချီလီနိုင်ငံက ဇူလိုင် ၂၁ ရက်၌ ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ဇူလိုင် ၂၁ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးတွင် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ထိထိရောက်ရောက် စီမံခန့်ဆောင်ရွက်ခဲ့သလို ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးထိပ်ထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံမှ ကမ္ဘာ့နံပါတ် ၁ ပြောင်းရှည်သေနတ်ပစ်သမား Amber Hill ထံတွင် COVID-19 ရောဂါကူးစက်ခံထားရသည်ကို ဗြိတိန်နိုင်ငံ၌ စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်းအနေဖြင့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ဗြိတိန်ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။