ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်တာလီဘန်စစ်သွေးကြွများက ယခုအခါ စစ်မက်ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ခရိုင်အရေအတွက် တစ်ဝက်ကျော်ဖြစ်သည့် ခရိုင်ပေါင်း ၄၁၉ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ပါရီ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် အသစ်ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာများအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း၊ ပြညသူလူထုအနေဖြင့် ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းကြောင်း ပြင်သစ်ဝန်ကြီးချုပ် Jean Castexက ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Bajaur ခရိုင်ရှိ ရေလှောင်ကန်ကြီးအတွင်း ဇူလိုင် ၂၁ ရက်တွင် လှေသုံးစီး နစ်မြုပ်ပြီးနောက် လူ ၄ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁၇ ဦး ပျောက်ဆုံးနေကြောင်း...
ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် “ဓာတ်ခွဲခန်းမှလွတ်ထွက်လာခြင်း” ဟူသည့် အယူအဆကို တရုတ်နိုင်ငံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၁ ရက်တွင် နောက်တစ်ကြိမ်ထပ်မံပယ်ချလိုက်ပြီး ယင်းမှာ အခြေအမြစ်မရှိသော အလိမ်အညာဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျိန့်ကျိုး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့တွင် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ လမ်းခရီးနှောင့်နှေးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။