ဆောပိုလို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) ၏ ကျန်းမာရေး အခြေအနေမှာ ကျေနပ်ဖွယ်ရာ အဆင့်သို့ရောက်ရှိလာကြောင်း၊ သို့သော် ၎င်းသည် အူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် ကုသမှုအား ဆေးရုံ၌ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် ဆေးဘက်ဆိုင်ရာ...
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းအထိ ၂၄ နာရီအတွင်း ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁၃,၂၁၅ ဦးရှိရာ ကပ်ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက်အမြင့်ဆုံးစံချိန်တင်ခဲ့သလို ၃ ရက်ဆက်တိုက် နေ့စဉ်ထပ်တိုးအတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိလာခြင်း ဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင်...
ဂျိုဟန္နက်စဗတ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Jacob Zumaကို ဖမ်းဆီးအကျဉ်းချမှုကြောင့် အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူ (၁၁၇)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံး ခေတ္တဝန်ကြီး Khumbudzo Ntshavheniက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Rhineland-Palatinate ပြည်နယ်နှင့် North Rhine-Westphalia ပြည်နယ်တို့တွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ အနည်းဆုံး (၅၈)ဦးအထိရှိလာခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံမီဒီယာအရသိရသည်။