ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) “ရပ်ဝန်းနှင့်ပိုးလမ်းမ” အာရှပစိဖိတ်ဒေသ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အဆင့်မြင့်ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၂၃ ရက်တွင် ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)
ဟူစတန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်သည် ဆေးရုံ၏ စည်းမျဉ်းဖြစ်သော မဖြစ်မနေ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်ခဲ့သည့်အတွက် အလုပ်မှနုတ်ထွက် သို့မဟုတ် အလုပ်ထုတ်ခံရခြင်း များ ကြုံတွေ့ခဲ့ရကြောင်း မီဒီယာက ဇွန် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ယွီချင့်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကျွန်းရီမြို့ ယွီချင့်ခရိုင်အတွင်းရှိ ဝူးကျန်းမြစ် ကုဖီထန်ရေအားလျှပ်စစ်စီမံကိန်း၏ ရေကြောင်းသွားလာရေးလုပ်ငန်းကို ဇွန် ၂၂ ရက်တွင် စတင် စမ်းသပ် လည်ပတ်ခဲ့ကြောင်း သိရသည်။
ရှမန်၊ ဇွန်၂၃ ရက် (ဆင်ဟွာ) ရှမန်ယွမ်ဟိုင်းကုန်သေတ္တာတင်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး အလုံးစုံအလိုအလျောက်စနစ်ဖြင့် လှုပ်ရှားဆောင်ရွက်ပေးသည့် ဆိပ်ကမ်းတစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် 5G ကွန်ရက်နည်းပညာကိုအသုံးပြု ထားသည်။ ဖူကျန့်ပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိသည့် အဆိုပါ ဆိပ်ကမ်းသည် ၂၀၁၁ ခုနှစ်တွင် တရုတ်ပြည်တွင်းဖြစ်နည်းပညာများဖြင့်တပ်ဆင်ထားသည့် ကုန်သေတ္တာတင်ဆိပ်ကမ်းတစ်ခုဖြစ်သည်။ 5G ကွန်ရက် နည်းပညာကို အသုံးပြုထားသောကြောင့်...