ခတ္တမန္ဒု၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ကက်ဘိနက်နှစ်ကြိမ် တိုးချဲ့မှုတွင် ပါဝင်သည့် ဝန်ကြီး (၂၀)ဦးကို ရာထူးမှထုတ်ပယ်မည်ဖြစ်ကြောင်း ၊ ၎င်းတို့ထဲတွင် ဝန်ကြီးတာဝန်ထမ်းဆောင်သည့် ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးလည်း ပါဝင်ကြောင်း နီပေါနိုင်ငံ တရားရုံးချုပ်က ဇွန် ၂၂ ရက်တွင် ကြားဖြတ်အမိန့်ချမှတ်ခဲ့သည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တင်းမာမှုများ မြင့်တက်နေခြင်းနှင့် လက်နက်အပြိုင်တပ်ဆင်မှုအသစ်တစ်ခု အမှန်တကယ်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဥရောပလုံခြုံရေးစနစ်တစ်ခုလုံးသည် လွန်စွာလျော့နည်းကျဆင်နေပြီ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်။
ဝူးလူမုချီ၊ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် Xinjiang Electric Power Co.,Ltd လက်အောက်ရှိ၂၂၀ ကီလိုဗို့ထ် လျှပ်စစ်ဓါတ်အားပေးစက်ရုံခွဲ တစ်ခု၌ ထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဆောင်ရွက်ရန် မောင်းသူမဲ့ ဒရုန်းများ အသုံးပြုနေကြောင်းသိရသည်။ ပြင်ပတွင်တပ်ဆင်ထားသည့် ကိရိယာများအားလုံးကိုခြုံငုံစစ်ဆေးပေးနိုင်ရန် နေရာ၁၀၀ခန့်အထိ သွားရောက်စစ်ဆေးနိုင်အောင် ဒရုန်းများအသုံးပြုထားခြင်းဖြစ်သည်။
ဂျကာတာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်တည်ပြုလူနာ (၁၄,၅၃၆)ဦး ထပ်တိုးကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ရေတွက်ပါက အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော် ရှိလာခြင်း ဖြစ်သည်။
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး John Sullivan သည် ယခုရက်သတ္တပတ်အတွင်း မော်စကိုသို့ ပြန်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။