Connect with us

Media

လျှပ်စစ်ဓါတ်အားပေးစက်ရုံခွဲ ၌ မောင်းသူမဲ့ ဒရုန်းများဖြင့် ထိန်းသိမ်းရေးဆောင်ရွက်

ဝူးလူမုချီ၊ဇွန် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် Xinjiang Electric Power Co.,Ltd လက်အောက်ရှိ၂၂၀ ကီလိုဗို့ထ် လျှပ်စစ်ဓါတ်အားပေးစက်ရုံခွဲ တစ်ခု၌ ထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဆောင်ရွက်ရန် မောင်းသူမဲ့ ဒရုန်းများ အသုံးပြုနေကြောင်းသိရသည်။ ပြင်ပတွင်တပ်ဆင်ထားသည့် ကိရိယာများအားလုံးကိုခြုံငုံစစ်ဆေးပေးနိုင်ရန် နေရာ၁၀၀ခန့်အထိ‌ သွားရောက်စစ်ဆေးနိုင်အောင် ဒရုန်းများအသုံးပြုထားခြင်းဖြစ်သည်။ လုပ်သားအင်အားနှင့်သွားရောက်စစ်ဆေးရန်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်ပြီးပိုမိုထိရောက်မှုရှိစေရန် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

Xinjiang Electric Power Co.,Ltd  မှ တာဝန်ရှိသူက “အရင်ကဆို ပြုပြင်ထိန်းသိမ်းရေးလုပ်သားတစ်ယောက်အဖို့ ၂၂၀ ကီလိုဗို့ထ် လျှပ်စစ်ဓါတ်အားပေးစက်ရုံခွဲ တစ်ခုကို အချိန်၄နာရီခွဲလောက်ကြာအောင်စစ်ဆေးရလေ့ရှိပါတယ်၊ အခု ကျွန်တော်တို့ ဒရုန်းတွေကိုစပြီးအသုံးပြုတဲ့အခါမှာတော့ စစ်ဆေးရေးကြာမြင့်ချိန်က ဆယ်မိနစ်ဝန်းကျင်ပဲကြာတဲ့အတွက် လုပ်သားနဲ့ သွားရောက်စစ်ဆေးမှု ကို ၇၉ ရာခိုင်နှုန်းအထိအစားထိုးနိုင်ပါတယ်” ဟုဆိုသည်။ (Xinhua)

#UAV #Xinjiang #electricitysubstation#drones#inspection#China #Myanmar#xinhua #xinhuamyanmar #ဒရုန်း #ရှင်းကျန်း #လျှပ်စစ်ဓါတ်အားခွဲရုံ #တရုတ် #မြန်မာ #ဆင်ဟွာ #ဆင်ဟွာမြန်မာ

…………………

GLOBALink | UAVs used in China’s Xinjiang to assist with maintenance of electricity substation

URUMQI, June 22, 2021 (Xinhua) — A 220-kilovolt power substation in northwest China’s Xinjiang Uygur Autonomous Region has begun to use drones to conduct inspection of its facilities, which greatly reduces time needed for manual inspection.

 

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.