ကွမ်ကျိုး ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အလျား၂၄ ကီလိုမီတာရှိသော ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်းပါ အဝေးပြေးလမ်း စီမံကိန်းသစ် တစ်ခုကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံး-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ၌ ဒေသတွင်း သယ်ယူပို့ဆောင်ရေး တွန်းအားပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့၏အမြင့်ဆုံးနေရာတွင်တည်ရှိပြီး တိမ်စိုင်တိမ်သားများထဲတွင်ထိုးဖောက်ထွက်ပေါ်နေသည့် ရှန်ဟိုင်းတာဝါရှိ J Hotel အား ပြီးခဲ့သည့် စနေနေ့က ဖွင့်လှစ်ခဲ့ရာ ၎င်းမှာ ကမ္ဘာ့အမြင့်ဆုံး ဇိမ်ခံဟိုတယ်ဖြစ်လာမည်ဟုသိရသည်။ J Hotel ဟု အမည်ပေးထားသည့် ဟိုတယ်မှာ ကမ္ဘာ့ ဒုတိယ အမြင့်ဆုံး အဆောက်အဦးအဖြစ်...
ဝူးလူမုချီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဓါတ်ငွေ့ထုတ်လုပ်ငန်းတစ်ခုဖြစ်သည့် PetroChina ၏ လုပ်ငန်းခွဲ Tarim ရေနံတူးဖော်ရေးလုပ်ငန်းသည် ရေနံနှင့်သဘာဝဓါတ်ငွေ့ တန်ချိန် ၁ ဘီလီယံ အထိထွက်ရှိနိုင်သော ရေနံသိုက် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်သည်။
နယူးဒေလီ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ တိရစ္ဆာန်ရုံတစ်ရုံ၌ ခြင်္သေ့ လေးကောင်ထက်မနည်း COVID-19 မျိုးဗီဇကွဲ Delta ပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဟောဂို့စ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျူးကျိုးမြို့နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့်ကို ဆက်သွယ်ထားသည့် တရုတ်-အလယ်အာရှ ကုန်တင်ရထားဝန်ဆောင်မှုသစ် စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ (၅.၂) သန်းတန်ဖိုးရှိသည့် ကုန်ပစ္စည်းများပါဝင်သည့် ကွန်တိန်နာ အလုံး(၅၀)ကို တင်ဆောင်မောင်းနှင်သွားသည့် အဆိုပါ ကုန်တင်ရထားကြီးသည် တရုတ်နိုင်ငံ...