Connect with us

Media

တရုတ်နှင့် အလယ်အာရှအကြား နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားဝန်ဆောင်မှုသစ်စတင်

ဟောဂို့စ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျူးကျိုးမြို့နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့်ကို ဆက်သွယ်ထားသည့် တရုတ်-အလယ်အာရှ ကုန်တင်ရထားဝန်ဆောင်မှုသစ် စတင်ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ (၅.၂) သန်းတန်ဖိုးရှိသည့် ကုန်ပစ္စည်းများပါဝင်သည့် ကွန်တိန်နာ အလုံး(၅၀)ကို တင်ဆောင်မောင်းနှင်သွားသည့် အဆိုပါ ကုန်တင်ရထားကြီးသည် တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟောဂို့စ်ကုန်တွင်းနယ်စပ်ဂိတ်မှတစ်ဆင့် ကာဇက်စတန်နိုင်ငံသို့ ဖြတ်သန်းကာ ဥဇဘက်ကစ္စတန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
“ကျူးကျိုးမှ ဥဇဘက်ကစ္စတန်နိုင်ငံကို ချိတ်ဆက်တဲ့ ကုန်တင်ရထားသစ် ထပ်တိုးဖွင့်လှစ်ခြင်းက ဒေသပို့ကုန်လုပ်ငန်းတွေအတွက် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုကောင်းမွန်စေကာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး စွမ်းရည်မြှင့်တင်စေနိုင်သလို သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်သက်သာစေပြီး တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေ အလယ်အာရှဈေးကွက်ကို လျင်မြန်စွာ ရောက်ရှိနိုင်စေပါတယ်” ဟု Xinjiang Zhonglian Haitong International Freight Transport Agency Co.,Ltd.မှ ဖုန်ယွဲ့ယွဲ့က ဆိုသည်။

ယခုနှစ် ပထမ (၅)လအတွင်း ဟောဂို့စ်ကုန်တွင်းနယ်စပ်ဂိတ်မှ ဥရောပနှင့် အလယ်အာရှနိုင်ငံများကို သွားရောက်သည့် ကုန်တင်ရထား စုစုပေါင်း (၂,၄၉၅)စီး ရှိရာ ၎င်းမှာ ပြီးခဲ့သည့်နှစ်ကာလတူထက် (၆၁.၈)ရာခိုင်နှုန်းတိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | New cross-border freight train service launched between China, central Asia
2021-06-18 15:43:56
HORGOS, June 18 (Xinhua) –A new freight train service between China and central Asia has been put into operation, connecting Zhuzhou, the city of central China’s Hunan Province with Tashkent, capital of Uzbekistan.
The freight train is fully loaded with 50 standard containers of goods worth 5.2 million U.S. dollars.
The train leaves China through the Horgos Port in Xinjiang and passes Kazakhstan before reaching to the destination.
In the first five months this year, a total of 2,495 freight trains has passed through Horgos Port to the European and central Asian countries, which marks the increase of 61.8 percent from a year earlier.

Produced by Xinhua Global Service