ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့အင်တာနက်ကွန်ဖရင့်အား နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဝူဟန်မြို့၌ အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ စီမံခန့်ခွဲမှု (Cyberspace Administration of China= CAC) က စက်တင်ဘာလ ၁၈ ရက်တွင်...
ဝါရှင်တန်၊စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နှင့်ဘီလာရုဇ်နှစ်နိုင်ငံအကြား နှစ်နိုင်ငံသံအမတ်များကို ၁၀ နှစ်ကြာပြန်လည် ခေါ်ယူထားကြပြီးနောက်တွင် ပြန်လည် ခန့်အပ်မည်သွား ဖြစ်ကြောင်း အမေရိကန်နိုုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale ၏ စက်တင်ဘာ ၁၇ ရက်က အတည်ပြု ထုတ်ပြန်ချက်အရသိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabulပြည်နယ် Qalat မြို့တွင် စက်တင်ဘာ ၁၉ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဘာလင် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျာမနီအစိုးရက စက်တင်ဘာ ၁၈ ရက် တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်ရောင်းချပိတ်ပင်မှုအား နောက် ထပ် ၆ လ တိုးချဲ့ပိတ်ပင်လိုက်ကြောင်း ၊ ဂျာမနီအစိုးရ သတင်းဌာနကဆိုသည်။
ဂျကာတာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၁ ရှိသော ငလျင်တစ်ခု စက်တင်ဘာလ ၁၉ ရက်တွင် လှုပ်ခတ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။