ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါတတိယလှိုင်းဖြစ်ပွားနေချိန်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန် ပို့ကုန်အမယ် ၃၄ ခုနှင့် သွင်းကုန်အမယ် ၇၂ ကို ဇူလိုင် ၂၆ ရက်မှ စ၍ ၃ လယာယီဖြေလျှော့ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊...
ဗီယင်ကျန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် နှင့်လူသားအားလုံးအတွက်ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ရေးကိုအထောက်အကူပြုရန် တရုတ်နိုင်ငံက ခိုင်မာစွာ လုပ်ဆောင်လျက်ရှိသည်ဟု လာအိုဝန်ကြီးချုပ် Phankham Viphavanh က ပြောကြားခဲ့သည်။
ဟယ်လ်ဆင်ကီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မှ ထုတ်လုပ်သည့် အသစ်စက်စက် လျှပ်စစ်ဘတ်စ်ကားများကို ဖင်လန်နိုင်ငံ ဟယ်လင်ဆင်ကီးမြို့တွင် လာမည့် သီတင်းပတ်မှစတင်ကာ တရားဝင်စတင်ပြေးဆွဲတော့မည်ဟုသိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း (ISRO) က သြဂုတ် ၁၂ ရက်တွင် အအေးလွန်သည့်အဆင့်၌ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ကမ္ဘာမြေကြည့်ရှုလေ့လာရေးဂြိုဟ်တုလွှတ်တင်ခြင်း မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ISRO ဥက္ကဋ္ဌ K. Sivan က အတည်ပြုခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။