ရီယတ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံရှိ Aramco ရေနံကုမ္ပဏီ၏ လုပ်ငန်းခွင်နေရာနှစ်ခုအား စက်တင်ဘာလ ၁၄ ရက် အစောပိုင်းက ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
ဆာရာယေဗို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘော့စ်နီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ (BiH’s) မြို့တော် ဆာရာယေဗို၏ အနောက်တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ၊ ဘီဂျေလက်စ်နီကာတောင်အနီးတွင် ဒုတိယကမ္ဘာစစ်ကျန်ဗုံး ၄ လုံးအား BiH’s ပြည်ထောင်စု အရပ်သား ကာကွယ်ရေးဌာန (FUCZ) က စက်တင်ဘာလ ၁၃ ရက်၌...
စင်ကာပူ ၊စက်တင်ဘာလ ၁၄ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် မျိုးနွယ်မတူညီသော အဖွဲ့အစည်းပေါင်းစုံမှ လူ ၁,၀၀၀ ခန့်က စက်တင်ဘာလ ၁၃ ရက်ည ကအတူတကွစုဝေးကာ ရိုးရာအစဉ်အလာပွဲတော်တစ်ခုဖြစ်သည့် ဆောင်းဦးရာသီအလယ်ပွဲ တော် ကိုကျင်းပခဲ့ကြကြောင်း၊ အမျိုးသားပြန်လည်ပေါင်းစည်းမှု၏အမှတ်လက္ခဏာတစ်ခုအသွင်ဖြင့် မိသားစုပြန်လည်ပေါင်းဆုံပွဲအခမ်းအနားဖြစ်ကြောင်းသိရသည်။
ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်တွင် ဒေသခံအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
တူးနစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း Tataouine ပြည်နယ်တွင် စစ်တပ်ကင်းလှည့်နေသည်ကို ပစ်မှတ်ထားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် လက်နက်မှောင်ခိုကူးသူ ၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။