Connect with us

ASEAN

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု “ရွှေရောင် ၅ နှစ်” အသစ်ဖွင့်လှစ်ခြင်းအတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ချုံချင့်တွင်ကျင်းပ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၈ ရက်တွင် ချုံချင့်၌ လန်ချန်း-မဲခေါင် (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ချုံချင့် ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ကို ဇွန် ၈ ရက်တွင် ချုံချင့်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့က အစည်းအဝေးတွင် ပူးတွဲ သဘာပတိအဖြစ်ပြုလုပ်ခဲ့ပြီး လာအို ၊ ကမ္ဘောဒီးယား၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က အစည်းအဝေးကို အတူတကွ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် “စည်းလုံးညီညွတ်မှုဖြင့် ကပ်ရောဂါတိုက်ဖျက်၍ ကပ်ရောဂါနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတကွတွန်းအားပေးဆောင်ရွက်” ဟူသည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ၊ ၅ နှစ်တာကာလအတွင်း အတွေ့အကြုံများအား ခြုံငုံသုံးသပ်၍ နောက်တစ်ဆင့် အဓိကပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ စီမံချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၈ ရက်တွင် ချုံချင့်၌ လန်ချန်း-မဲခေါင် (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က သမိုင်းစာမျက်နှာသစ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် နီးကပ်မှု ၊ မှန်ကန်မှု ၊ မေတ္တာထားရှိမှု နှင့် သီးခံမှု ဟူသည့် အိမ်နီးချင်းပတ်ဝန်းကျင်နိုင်ငံခြားရေး အတွေးအမြင်ကို ခိုင်မာစွာဆောင်ရွက်ပြီး မဲခေါင်မြစ်တစ်လျှောက် နိုင်ငံများနှင့် အတူ လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ နောက်တစ်ဆင့်တွင် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ၊ ကပ်ရောဂါနောက်ပိုင်း စီးပွားရေးပြန်လည်ကောင်းမွန်ရေးကို အတူတကွ တွန်းအားပေးဆောင်ရွက်ရန် ၊ ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် ၊ ဒေသတွင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ၊ ပြည်သူလူထုချင်း စိတ်နှလုံးသားချိတ်ဆက်မှုကို တိုးတက်စေရန် နှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် ပိုမိုကောင်းမွန်စေရန် စသည့် လုပ်ငန်းစဉ် ၆ ခုကို အဓိကထားဆောင်ရွက်သွားကြရန် အကြံပြုလိုပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ “ ရွှေရောင် ၅ နှစ်” အသစ်ဖွင့်လှစ်ခြင်းအတွက် အကြံပြုကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်ခဲ့ကြသည့် နိုင်ငံအသီးသီး မှ နိုင်ငံခြားရေးဝန်ကြီးတို့က တရုတ်နိုင်ငံ ၏ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပေါ် အလေးထားခြင်းနှင့် ဆောင်ရွက်ချက်များအပေါ် ကျေးဇူးတင်ကြောင်း ၊ အထူးသဖြင့် လန်ချန်း-မဲခေါင်း နိုင်ငံများ ကပ်ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေး ပြန်လည်ကောင်းမွန်စေရေး အတွက် ထောက်ပံ့ပေးခဲ့သည့် စစ်မှန်သော ကူညီမှုများအပေါ် ကျေးဇူးတင်ကြောင်း ၊ တရုတ်နိုင်ငံ မှ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွင် ဆက်လက်၍ အပြုသဘောဆောင်သည့် သက်ရောက်မှု ဆောင်ရွက်ပေးသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် 《လန်ချန်း-မဲခေါင် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်》၊ 《လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ဖော်ဆောင်မှု 》နှင့် 《လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် တိုင်းရင်းဆေးပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းရေးဆိုင်ရာ ပူးတွဲကြေညာချက်》စသည့် သဘောတူညီချက်များကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————————-
(Chinese Version)

(外事)开启澜湄合作新的“金色5年”——澜沧江-湄公河合作外长会在重庆举行

新华社重庆6月8日电(记者刘恩黎、王全超)澜沧江-湄公河合作第六次外长会8日在重庆举行。国务委员兼外长王毅和缅甸外长温纳貌伦作为共同主席主持会议,老挝、柬埔寨、泰国、越南外长出席。会议围绕“团结战胜疫情,共促疫后发展”主题,回顾了澜湄合作进展,总结了5年来有益经验,规划了下阶段合作重点。

王毅表示,站在新的历史起点上,中方将坚决贯彻习近平主席提出的亲、诚、惠、容周边外交理念,与湄公河国家一道朝着建设澜湄国家命运共同体方向做努力。建议下阶段重点做好深化抗疫合作、共促疫后复苏、拓展水资源合作、推进地方务实合作、促进民心相亲、完善合作机制六方面工作,开启澜湄合作新的“金色5年”。

与会各国外长感谢中方对澜湄合作的重视和投入,特别是为澜湄国家抗击疫情和经济复苏提供的真诚帮助,期待中方在合作进程中继续发挥关键作用。

会议通过了《关于加强澜沧江-湄公河国家可持续发展合作的联合声明》《关于深化澜沧江-湄公河国家地方合作的倡议》和《关于在澜沧江-湄公河合作框架下深化传统医药合作的联合声明》等共识文件。(完)

Photo
1. 6月8日,国务委员兼外长王毅在重庆主持澜沧江-湄公河合作第六次外长会。新华社记者 王全超 摄

2. 6月8日,国务委员兼外长王毅在重庆主持澜沧江-湄公河合作第六次外长会。新华社记者 王全超 摄