ဒါကာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန် ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဌာနချင်း ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ (ISPR) ဌာန၏ ကြေညာချက်တွင်...
ပေကျင်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှ အားလုံး အစွမ်းကုန် လုပ်ဆောင်ကြရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ သမ္မတရှီက...
ရီယာ့ဒ် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေးဗျနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ဇွန် ၁၃ ရက် က ဗုံးကြဲဒရုန်းလေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဟူတီပြည်သူ့စစ်တပ်ဖွဲ့၏ ဒရုန်းဖြင့် နောက်ဆုံးတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဆော်ဒီကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Abduljalil...
လာဂို့စ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့်ဖောက်လုပ်ထားသည့် နိုင်ဂျီးရီးယားနိုင်ငံရှိ ရထားလမ်းကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင်စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ယင်းရထားလမ်းသည် နိုင်ဂျီးရီးယားနိုင်ငံ အနောက် တောင်ပိုင်း လာဂို့စ်မြို့နှင့် အီဘာတန် မြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ရထားလမ်းဖွင့်လှစ်ခြင်းကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် တဖက်တလမ်းမှချောင်လည်စေပြီး လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်သည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် Jovian စနစ်၊ အင်္ဂါဂြိုဟ်မှ နမူနာများ စုဆောင်ခြင်းနှင့် လ၏ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး အပါအဝင် အာကာသအစီအစဉ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဇွန် ၁၂...