Connect with us

Media

နိုင်ဂျီးရီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ထောက်ပံ့ကူညီသည့် ရထားလမ်း စတင်အသုံးပြု

လာဂို့စ်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့်ဖောက်လုပ်ထားသည့် နိုင်ဂျီးရီးယားနိုင်ငံရှိ ရထားလမ်းကို ပြီးခဲ့သည့် ကြာသပတေးနေ့တွင်စတင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ယင်းရထားလမ်းသည် နိုင်ဂျီးရီးယားနိုင်ငံ အနောက် တောင်ပိုင်း လာဂို့စ်မြို့နှင့် အီဘာတန် မြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ရထားလမ်းဖွင့်လှစ်ခြင်းကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် တဖက်တလမ်းမှချောင်လည်စေပြီး လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်သည်။နိုင်ဂျီးရီးယား သမ္မတ Muhammadu Buhari က “အခု ရထားလမ်းဖွင့်လှစ်ခြင်းဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ရထားလမ်းသယ်ယူပို့ဆောင်ရေးကဏ္ဍ ပြန်လည်အသက်သွင်းဖို့ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟုဆိုသည်။

ယခုဖွင့်လှစ်သည့်ရထားလမ်းအား တရုတ်နိုင်ငံ China Civil Engineering Construction Corporation မှ တည်ဆောက်ပေးခြင်းဖြစ်သည်။
ရထားလမ်းကို တစ်နာရီ ၁၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင် နိုင်မည်ဖြစ်သည်။ လာဂို့စ်မြို့၏ အသွားအလာထူထပ်သော ဘူတာ၌ ၇ ကီလိုမီတာ တိုးချဲ့တည်ဆောက်ထားပြီး ရထားလမ်းအရှည်စုစုပေါင်းမှာ ၁၅၇ ကီလိုမီတာရှိသည်။

လာဂို့စ်မြို့တော်ဝန် Babajide Sanwo-Olu က” ယခုဖွင့်လှစ်တဲ့ ရထားလမ်းကြောင့် လာဂို့စ်မြို့ထဲရောမြို့ပြင်မှာပါနေထိုင်တဲ့ ပြည်သူတွေဟာ သွားလာရေးအဆင်ပြေသွားပါတယ်၊ ဒီလိုနဲ့ လာဂို့စ်- အီဘာတန် လမ်းတစ်လျှောက်မှာနေထိုင်တဲ့ ကျွန်တော်တို့ပြည်သူတွေဟာ ဒီ ရထားလမ်းကို အမှီပြုပြီး နေ့စဉ် ဘဝလှုပ်ရှားမှု၊ အလုပ်အကိုင်စတဲ့ဘက်ပေါင်းစုံ ဟာ အခြေခံ အားဖြင့်ပြောင်းလဲလာနိုင်မှာပါ။ ဒီရထား လမ်းကြောင်းမှ တစ်ဆင့်ရင်းနှီးမြှုပ်နှံမှုများ၊ အိမ်ခြံမြေ အရောင်းအဝယ် ကဏ္ဍ များနှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှု စသဖြင့်အခွင့်အလမ်းများစွာ လမ်းပွင့်လာတော့မှာဖြစ်ပါတယ်” ဟုဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး Cui Jianchun က “ ယခု ရထားလမ်းဖွင့်ပွဲဟာဆိုရင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍ၌ တရုတ်နိုင်ငံ၏ အထောက်အပံ့အကူအညီများကို ထင်ဟပ်စေရုံသာမက ဒီ ကြီးကျယ်လှတဲ့ နိုင်ငံရဲ့ ပြည်သူတွေကိုယ်စား သမ္မတကြီးဟာအမြှော်အမြင်ကြီးမားစွာ ဆုံးဖြတ်ချက် ချမှတ် နိုင်တယ်ဆိုတာ သက်သေပြချက်တစ်ခုလည်း ဖြစ်ပါတယ်။”ဟုဆိုသည်။ (Xinhua)
……………………….
GLOBALink | Nigeria flags off full commercial operation of China-assisted railway
LAGOS, June 11 (Xinhua) — Nigeria on Thursday officially started the full commercial operation of a China-assisted railway linking the southwestern cities of Lagos and Ibadan, to ease public transportation and fuel goods movement in the West African country.
At a ceremony to flag off the commercial operation of the Lagos-Ibadan railway at the Mobolaji Johnson Railway Station in Lagos, the country’s economic hub and most populous city, Nigerian President Muhammadu Buhari described the completion of the project as “another milestone in the drive to revitalize the railway system in Nigeria.”

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.