နယူးယောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂန္တဝင် Folk ဂီတ တေးရေးဆရာတစ်ဦးဖြစ်သည့် John Prine သည် COVID-19 ရောဂါဖြင့် ဧပြီ ၇ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) ယနေ့(ဧပြီ ၈ရက်) နံနက်ပိုင်းတွင် သေဆုံးမှုသည် လူနာများတွင်ရှိသော ရောဂါအခံနှင့် အပြင်းအထန် အဆုတ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ကျွမ်းကျင်သူနာပြုများသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) လူနာများ ကုသရေးတွင် အထူးသဖြင့် ရောဂါပြင်းထန်သောလူနာများ ကုသရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် လာမည့် ရက်သတ္တပတ်များ၌ ပူနွေးစွတ်စိုသော နွေကာလ ဖြစ်နိုင်ပြီး ဧပြီလ ၏ ပျမ်းမျှ အပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် နှင့်အထက် ပိုပူနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးလှထွန်းက...
ဖနွမ်းပင် ၊ ဧပြီ ၈ (ဆင်ဟွာ) COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ကမ္ဘောဒီးယား နှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကူညီမှုများက နှစ်နိုင်ငံဆက်ဆံမှုကို ပိုမိုအားကောင်းစေပြီး အဆင့်သစ်ရောက်အောင်မြှင့်တင်ပေးခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) က ဧပြီ ၇ ရက်တွင်...