Connect with us

Media

တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက သက်ရှိကဲ့သို့ကွေးနိုင်ဆန့်နိုင်သော ပျော့ပျောင်းသည့် ငါးစက်ရုပ် တီထွင်

ဟန်ကျိုး၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

သက်ရှိကဲ့သို့ ကွေးနိုင်ဆန့်နိုင်အောင် ဖန်တီးထားသော ပျော့ပျောင်းသည့် ငါးစက်ရုပ်တစ်ရုပ်ကို တရုတ်နိုင်ငံကျဲ့ကျန်းပြည်နယ်တွင် တရုတ်သိပ္ပံပညာရှင်များက သမုဒ္ဒရာ ရေနက်ပိုင်းလေ့လာစူးစမ်းရေးလုပ်ငန်းများအတွက် တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။
ကျဲ့ကျန်းတက္ကသိုလ်မှ ပါမောက္ခ Li Tiefeng က “ဒီစက်ရုပ်ကို ရေနက်ပိုင်းမှာကျင်လည်ကျက်စားတဲ့ Snail fish ပုံစံကိုနမူနာယူပြီးထုတ်ထားတာပါ” ဟုဆိုသည်။
ငါးစက်ရုပ်မှာ အလျား ၂၂ စင်တီမီတာရှိပြီး ဆူးတောင်နှစ်ဖက်ထိ အရှည်မှာ ၂၈ စင်တီမီတာ ရှိသည်။
“အဲဒီစက်ရုပ်ဟာ ရေနက်ပိုင်းမှာ ရေဖိအားနဲ့ ဟန်ချက်အထူးကောင်းမွန်အောင်ဖန်တီးထားပါတယ်” ဟု ပါမောက္ခ Li က ဆိုသည်။ ပင်လယ်ရေအောက် ၁၀,၉၀၀ မီတာ အနက်သို့ရောက်ပါက ရေဖိအားမှာ ၁၁၀ မဂ္ဂါ Pixel ရှိကြောင်းသိရသည်။ (Xinhua)
————————————
(English Version)
GLOBALink | Chinese scientists create bio-inspired soft robotic fish for deep-sea exploration
HANGZHOU, June 9 (Xinhua) — A bio-inspired soft robotic fish, created by Chinese scientists from eastern China’s Zhejiang Province, is used to explore the greatest depths of the ocean.

Produced by Xinhua Global Service