ကူမင်း ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးက အာရုံစိုက်မှုရရှိခဲ့သည် ဆင်အုပ်ကြီးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမြို့တော် ကူမင်းမြို့အပြင်ဘက်၌ ကောင်းစွာအနားယူပြီးနောက် အနောက်တောင်ဘက် ၃.၇ ကီလိုမီတာထိ ဦးတည် ထွက်ခွာသွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အကောင်ရေ ၁၄ ကောင်ပါဝင်သော အာရှတောရိုင်း ဆင်အုပ်သည် ဇွန် ၈ ရက်...
နင်းပေါ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) “ဗဟို၊အရှေ့ဥရောပနိုင်ငံများ၏ လုပ်ငန်းပေါင်း (၆၈)ခုနဲ့ တရုတ်ကုမ္ပဏီလုပ်ငန်းပေါင်း(၂၀၀)က နှီးနွယ်ဖလှယ်ပွဲ (၂၀၀)ခန့် ပြုလုပ်ခဲ့ပြီး လက်တွေ့မျက်မြင်အကောင်အထည်ဖော်အကျိုးဖြစ်ထွန်းနိုင်တဲ့ရလဒ်တွေဖြစ်လာဖို့ ကြိုးပမ်းခဲ့ကြတယ်” တရုတ် နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ ကောင်းယန့်က ယခုရက်ပိုင်း နင်းပေါမြို့တွင် ကျင်းပသည့် China-CEEC ကုန်သည်ကြီးများအသင်း ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။...
ကိုလံဘို၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသည် အများပြည်သူ စီးပွားရေးလုပ်ကိုင်ရန် နှင့် စီးပွားရေးကဏ္ဍများတွင် လုပ်သားအင်အားခွင့်ပြုရန် ဆောင်ရွက်နေပြီး ၂၀၂၂ခုနှစ် အစောပိုင်းတွင် နိုင်ငံ့လူဦးရေ အားလုံး COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ကြည်းတပ်ဗိုလ်ချုပ်ကြီး Silva ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။...
ဆိုးလ် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာ လူ ၉ ဦးထက်မနည်း သေဆုံးသွားပြီး အခြားလူ ၈ ဦး ဒဏ်ရာရရှိကြောင်း Yonhap သတင်းအေဂျင်စီက ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ငံအနောက်တောင်ပိုင်းရှိ Gwangju...
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်အနီးစခန်းတွင် ယနေ့ မနက် ၈ နာရီခန့်က ရာသီဥတုဆိုးဝါးမှုကြောင့် တပ်မတော်လေယာဉ်တစ်စီးပျက်ကျခဲ့ကြောင်း နှင့် ယင်းပျက်ကျမှုအား ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။ ယနေ့ နံနက် (၇)နာရီတွင် နေပြည်တော်လေဆိပ်မှ...