Connect with us

Environment, Disasters & Accidents

ပြင်ဦးလွင်အနီးစခန်းတွင် လေယာဉ်ပျက်ကျမှုအား ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်နေဟုဆို

ပြင်ဦးလွင်အနီးစခန်းလေဆိပ် အဝင်အားတွေ့ရစဉ်(အင်တာနက်)ပုံစာ- ပြင်ဦးလွင်အနီးစခန်းလေဆိပ် အဝင်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်အနီးစခန်းတွင် ယနေ့ မနက် ၈ နာရီခန့်က ရာသီဥတုဆိုးဝါးမှုကြောင့် တပ်မတော်လေယာဉ်တစ်စီးပျက်ကျခဲ့ကြောင်း နှင့် ယင်းပျက်ကျမှုအား ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

ယနေ့ နံနက် (၇)နာရီတွင် နေပြည်တော်လေဆိပ်မှ ပြင်ဦးလွင်အနီးစခန်းလေဆိပ်သို့ ဦးတည်ထွက်ခွာလာသော လေယာဉ်တစ်စင်းသည် နံနက်(၈)နာရီခန့်တွင် ပြင်ဦးလွင်အနီးစခန်းလေဆိပ်အရောက် ရာသီဥတုဆိုးဝါးမှုကြောင့် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လေယာဉ်ပေါ်တွင် ပြင်ဦးလွင်မြို့ရှိ စာသင်တိုက်တစ်ခု၏ ပန္န္နက်တင်မင်္ဂလာအခမ်းအနားသို့ သွားရောက်မည့် ဈေးကုန်းဆရာတော်ဘုရားကြီးနှင့်အတူ အလှူရှင်(၇)ဦး လိုက်ပါလာကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

” လက်ရှိကယ်ဆယ်ရေးအမြန်လုပ်နေပါတယ်၊ အသေအပျောက်ကို မသိရသေးပါဘူး၊ လေယာဉ်ပေါ်၁၀ယောက်ဝန်းကျင်ပါပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသော ပြင်ဦးလွင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117