ရိဝူး၊ ဇွန် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် စိန်ကျိုးခရိုင်၏လက်ဖက်နှင့်လက်ဖက်ထုတ်ကုန်ပစ္စည်းများ အပြည့်ပါရှိသည့် ကွန်တိန်နာ အလုံး(၁၀၀)တင်ဆောင်ထားသည့် “ရိဝူး-ရှင်းကျန်း-ဥရောပ” တရုတ်-ဥရောပ ရထားကြီးသည် ယင်းပြည်နယ် ရိဝူးမြို့အနောက်ပိုင်းဘူတာမှ ဇွန် ၈ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီဖြစ်ရာ (၁၀)ရက်ခန့်အကြာတွင် ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရ်ကန်မြို့ကို ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဟန်ကျိုး ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ဒုတိယအကြိမ် တရုတ်- ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း နိုင်ငံများ ကုန်စည်ပြပွဲ နှင့် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းပြပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ နင်းဘိုမြို့၌ ဇွန် ၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဈေးဝယ်သူ ၇,၀၀၀...
ဒမတ်စကက်စ် ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသ ပစ်မှတ်များကို အစ္စရေးက ဇွန် ၈ ရက် ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများ မရှိကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီက အန်တိုနီယိုဂူတာရက်စ်အား အထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်းအတွက် ဇွန် ၈ ရက်တွင် ထောက်ခံအတည်ပြုလိုက်ကြောင်း သိရသည်။
ကွမ်ကျိုး၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ (ခေါ်) Gaokao စာမေးပွဲ ကို ဇွန် ၇ ရက်တွင် စတင်ကျင်းပခဲ့သည်။ ကွမ်တုန်းပြည်နယ်၌ အဆိုပါစာမေးပွဲအား ကျောင်းသားပေါင်း သောင်းချီ ကာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ လတ်တလော COVID-19 ကူးစက်မှုများ ထပ်မံဖြစ်ပွားနေ သောကြောင့် ကျောင်းသားများ၏...